မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၃-၉-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၃ဝဝဝိ/-) ကျပ် စျေးကျ ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၀၀ မှ ၆၅၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၃-၉-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၇၀ဝိ/-)၊ ကုလားပဲ (HL)(၇ဝဝိ/-)၊ ပဲစဉ်းငုံ(သစ်) (၃၀၀ိ/-)၊ ပဲစဉ်းငုံ(ဟောင်း)(၈၀၀ိ/-) ကျပ်စီဈေးတက်ကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင်( ၃-၉-၂၀၂၀ )ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃.၉.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက နှမ်းဆီ (၈ဝဝိ/-)ကျပ်ဈေးကျကာ စားအုန်းဆီ(၆ဝိ/-)ကျပ်ဈေးတက်ပြီး မြေပဲဆီဈေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃.၉.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာ(ကုန်းဇောင်း)၊ ပေါ်ဆန်းမွှေး(ဖျာပုံ)နှင့် ပေါ်ဆန်းမွှေး(ရွှေဘို) တို့စျေးအပြောင်းအလဲ မရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။